☆☆☆BIB Web Developer OJT အပတ်စဥ်(၁၉) စတင်လက်ခံနေပါပြီ။☆☆☆


HTML/CSS Web Creation နှင့်အတူ Java, C#, PHP, React Native ကိုအသုံးပြုပြီး အရည်အသွေးကောင်းမွန်သော Web or Mobile Applications များကို ရေးသားနိုင်ရန် သင်ကြားပေးသွားမည်ဖြစ်ပါသည်။ 

လုပ်ငန်းခွင်ဝင်ရောက်သည့်အခါတွင် အရည်အသွေးကောင်းမွန်သော Web application များကို ကျွမ်းကျင်စွာရေးတတ်အောင် ၊ Testing ပိုင်းများကိုလည်းကိုယ်တိုင်မှန်ကန်စွာစစ်တတ်လာအောင်လေ့ကျင့်သင်ကြားပေးသည့်အတန်းဖြစ်ပါသည်။ အခြေခံမှစပြီး သင်ကြားပေးခြင်းမျိုးမဟုတ်ဘဲ Assignment Mini Projects များကို လုပ်ဆောင်ရင်း သင်ကြားပေးသွားမည့်ဖြစ်ပါသည်။

-အောက်ပါအချက်အလက်နှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။


-Web Development အပိုင်းကို စိတ်ဝင်စားသော Computer ကျောင်းဆင်းများ။

-Computer Programming အခြေခံရှိပြီး အလုပ်ရှာနေသူများ။ 

-Computer Programming အခြေခံရှိပြီး လုပ်ငန်းခွင် project အတွေ့အကြုံလိုချင်သူများ။

-Computer Science Major ဖြစ်သော Fouth Year မှ Final Yearဖြစ်သူ။

-Computer Science Major မဟုတ်သော်လည်း အပြင်မှ IT နှင့်ဆိုင်သော သင်တန်းကိုအနည်းဆုံး ၂နှစ်တက်ရောက်လေ့လာပြီး Diploma (သို့) Certificate လက်မှတ်ရှိသူ။

-Programming Language တစ်ခုခုနှင့် Framework တစ်ခုခု အသုံးပြုဖူးသူဖြစ်ရမည်။

-Html/ Css အခြေခံရှိပြီး Project Language တစ်ခုခုနဲ့ ပိုင်ပိုင်နိုင်နိုင်ရေးနိုင်သူဖြစ်ရမည်။


စဖွင့်မည့်လ - ၄ လပိုင်း 

သင်ကြားပေးမည့်ပုံစံ - Online Class (Zoom & Google Meet)

သင်တန်းအချိန် 

Frontend : တနင်္လာနေ့ မှ သောကြာနေ့ (7PM~9PM)

Backend : တနင်္လာနေ့ မှ သောကြာနေ့ (တနေ့ကိုတစ်နာရီခွဲ(သို့)နှစ်နာရီခန့် live မီတင်းဖြင့် Guide Line ပေးသင်ကြားပေးပြီး Assignment များကိုအဆင်ပြေသည့်အချိန်တွင်လုပ်ပေးရမည်ဖြစ်ပါသည်။ သို့သော် mentor များမှ ပြန်လည် ကြည့်ပေးမည့်အချိန်မှာ 8:00AM to 5:00PM (Mon to Fri) အတွင်းသာ ဖြစ်ပါသည်။)

သင်တန်းကာလ - ၄လ (Frontend ၁လခွဲ၊ Backend ၂လခွဲ)

သင်တန်းကြေး - ၃၃၀,၀၀၀ ကျပ်

သင်တန်းကြေး၂ခါခွဲသွင်းနိုင်ပါသည်။ သင်တန်းကြေးပေးသွင်းရန် အခက်အခဲရှိပါက ကျောင်းနှင့်ဆွေးနွေးတိုင်ပင်နိင်ပါသည်။

သင်တန်းသားဦးရေအရမ်းများလျင်အလုပ်ချိတ်ဆက်ပေးသောအခါအခက်အခဲရှိပါသဖြင့် သင်တန်းသားဦးရေကို အယောက်(၃၀)ဦးထိသာလက်ခံပေးသွားပါမည်။ သင်တန်းကို ၁၁ လပိုင်း ၁၀ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သောကြောင့် လျှောက်လွှာနောက်ဆုံးထားပြီး တင်ပေးရမည့်နေ့မှာ (၉.၁၁.၂၀၂၅)ရက်နေ့ ဖြစ်ပါသည်။ သင်တန်းပြီးဆုံးပြီးနောက် အလုပ်အကိုင်အခွင့်အရေးအနေဖြင့် သင်တန်းပြီးဆုံးအောင်တက်ပြီး အမှတ်မှီသူများကို BIB နှင့် Partner Company များကိုချိတ်ဆက်ပေးပြီး သက်ဆိုင်ရာ Company များ၏ရေးဖြေစာမေးပွဲနှင့် Interview ရှိပါသည်။ 

သင်တန်းကာလတွင် ဆရာများ၏ညွှန်ကြားချက်များအတိုင်း သတ်မှတ်ထားသော Assignment ပြီးဆုံးအောင်လုပ်နိုင်ခဲ့ပါက BIB မှ OJT များကို Certificate ထုတ်ပေးပါမည်။

အသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ်တွင် ဖတ်ရှုပြီး လျှောက်ထားနိုင်ပါသည်။ 


BIB Training Web Developer အသေးစိတ်အချက်အလက်များကို ကျောင်းWebsiteမှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Phone: 09 880 177 801 (Viber)

Facebook Page Messenger (Or)Comment ကနေလည်း စာချန်ခဲ့လို့ ရပါတယ်ရှင့် 

Email: bib.app.inquiry@gmail.com 

#bibtrainingcenter 

#OJT 

#WebDeveloper 

#programming

#IT

#ITJob

#Internship