Web Developer OJT - အပတ်စဉ် (၁၄)


☆☆☆ BIB Web Developer OJT အပတ်စဥ်(၁၄) စတင်လက်ခံနေပါပြီ။ ☆☆☆


HTML/CSS Web Creation နှင့်အတူ Java, C#, PHP, ReactNative ကိုအသုံးပြုပြီး အရည်အသွေးကောင်းမွန်သော Web or Mobile Applications များကို ရေးသားနိုင်ရန် သင်ကြားပေးသွားမည်ဖြစ်ပါသည်။ 

လုပ်ငန်းခွင်ဝင်ရောက်သည့်အခါတွင် အရည်အသွေးကောင်းမွန်သော Web application များကို ကျွမ်းကျင်စွာရေးတတ်အောင် Assignment Mini Projects များကို လုပ်ဆောင်ရင်း သင်ကြားပေးသွားမည့်ဖြစ်ပါသည်။ ဒါ့အပြင် testing ပိုင်းများကိုလည်းကိုယ်တိုင်မှန်ကန်စွာစစ်တတ်လာအောင်လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါသည်။


အောက်ပါအချက်အလက်နှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။


Web Development အပိုင်းကို စိတ်ဝင်စားသော Computer ကျောင်းဆင်းများ။ 

Computer Programming အခြေခံရှိပြီး အလုပ်ရှာနေသူများ။

Computer Programming အခြေခံရှိပြီး လုပ်ငန်းခွင် project အတွေ့အကြုံလိုချင်သူများ။


Web Developer OJT - အပတ်စဉ် (၁၄)


စဖွင့်မည့်ရက် - ၂၁-၁၀-၂၀၂၄

သင်ကြားပေးမည့်ပုံစံ - Online Class (Skype & Google Meet)

သင်တန်းအချိန်

Frontend : တနင်္လာနေ့ မှ သောကြာနေ့ (7PM~9PM)

Backend : တနင်္လာနေ့ မှ သောကြာနေ့ (တနေ့ကိုတစ်နာရီခွဲ(သို့)နှစ်နာရီခန့် live မီတင်းဖြင့် Guide Line ပေးသင်ကြားပေးပြီး Assignment များကိုအဆင်ပြေသည့်အချိန်တွင်လုပ်ပေးရမည်ဖြစ်ပါသည်။ သို့သော် mentor များမှ ပြန်လည် ကြည့်ပေးမည့်အချိန်မှာ 8:00AM to 5:00PM (Mon to Fri) အတွင်းသာ ဖြစ်ပါသည်။)

သင်တန်းကာလ - ၄လ (Frontend ၁လခွဲ၊ Backend ၂လခွဲ)

သင်တန်းကြေး - ၂၈၀၀၀၀ ကျပ်


သင်တန်းကြေး၂ခါခွဲသွင်းနိုင်ပါသည်။ သင်တန်းကြေးပေးသွင်းရန် အခက်အခဲရှိပါက ကျောင်းနှင့်ဆွေးနွေးတိုင်ပင်နိင်ပါသည်။

သင်တန်းသားဦးရေအရမ်းများလျင်အလုပ်ချိတ်ဆက်ပေးသောအခါအခက်အခဲရှိပါသဖြင့် သင်တန်းသားဦးရေကို အယောက်(၃၀)ဦးထိသာလက်ခံပေးသွားပါမည်။


သင်တန်းပြီးဆုံးပြီးနောက် အလုပ်အကိုင်အခွင့်အရေး

သင်တန်းပြီးဆုံးပြီးနောက် အလုပ်အကိုင်အခွင့်အရေးအနေဖြင့် သင်တန်းပြီးဆုံးအောင်တက်ပြီး အမှတ်မှီသူများကို BIB နှင့် Partner Company များကိုချိတ်ဆက်ပေးပြီး သက်ဆိုင်ရာ Company များ၏ရေးဖြေစာမေးပွဲနှင့် Interview ရှိပါသည်။


စိတ်ပါဝင်စားသောသူများသည် “Apply”ကိုနှိပ်ပြီး လျှောက်လွှာတင်နိုင်ပါသည်။